The Eternaut ဆိုတာ ၂၀၂၀ ခုနှစ်ရဲ့ အင်တာနက်ပေါ်မှာ လူကြိုက်များနေတဲ့ ရုပ်ရှင်တစ်ကားပါ။ စတင်ပြီးတော့ အာဂျင်တီးနားရဲ့ ဇာတ်လမ်းလိုမျိုး ထင်ထားခဲ့ပါတယ်။ ဒါပေမယ့် Poster က Mask နဲ့ လူတစ်ယောက်ကို မြင်ပြီးတော့ ရေကူးချန်ပီယံကားလားဆိုပြီး ထင်နေခဲ့ပါတယ်။
တကယ်တော့ ဇာတ်လမ်းကို ကြည့်လိုက်တဲ့အခါမှာ Survive Vibe တွေ ပြန်ရပြီး Episode ၆ ထိ တစ်ထိုင်ထဲ ကြည့်ခဲ့ရတယ်။ အပိုင်း ၆ အကုန်မှာ Plot Twist ကြီးတစ်ခု ရှိပါတယ်။
ဇာတ်လမ်းအရ အဘိုးကြီးနှင့် သူငယ်ချင်းတွေ ညဘက် ဖဲကစားနေတဲ့နေရာမှာ အာဂျင်တီးနားမှာ မီးပျက်သွားတဲ့အကြောင်းကို စကားပြောနေကြရင်း တစ်ပတ်လုံး မရှိမဖြစ် ဆွေးနွေးနေတာပါ။ ဒါပေမယ့် ဖဲကစားနေတုန်း အပြင်ဘက်မှာ ဆူညံသံတွေ သွားပြီး နှင်းကောင်းကင်ထဲကနေ ပေါ်လာပါတယ်။
နှင်းတွေကြားထဲမှာ လူတွေ လဲပြီးသေနေကြတာကို ကြည့်ပြီး ဒီအခြေအနေကနေ ရုံးထွက်ဖို့ ကြိုးစားကြပါတော့တယ်။ ပြီးတော့ ဟွမ်ဆိုတဲ့လူရဲ့ သမီးက သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားတာကို သတိရပြီး သမီးကိုရှာဖို့ ကြိုးစားပါတယ်။
အဲဒီလို အခြေအနေမှာ ဟွမ် သူငယ်ချင်းရဲ့ မျက်နှာဖုံးကို အသုံးပြုပြီး နှင်းနဲ့ မထိမိအောင် အဝတ်အထူကြီးတွေနဲ့ အပြင်ထွက်ပြီး သမီးကိုရှာပါတယ်။
Series ကတော့ The Walking Dead၊ Stranger Things စတဲ့ ပုံစံမျိုးတွေနဲ့ အနည်းငယ်တူတာတွေ့ရပါတယ်။ ဒါပေမယ့် အခြေအနေကောင်တွေမှာ Survive လုပ်နေတဲ့အခန်းတွေကတော့ တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတဲ့အခန်းတွေနဲ့ အတူ မပျင်းရဲ့ပါ။ အထူးသဖြင့် နှင်းတွေထိလိုက်တဲ့အခန်းတွေနဲ့ ရှောသွားတာတွေက စိတ်ဝင်စားဖို့ကောင်းအောင် ပြုလုပ်ထားတာပါ။
စတင်မှာ Upside Down ကမ္ဘာရောက်လာလိုက်တယ်ဆိုပြီး ထင်ထားခဲ့တယ်။ ကောင်းကင်ပေါ်မှာ အနီရောင် အလင်းတန်းတွေ တစ်ခုတည်းပွင့်နေတာကြောင့် Stranger Things ကဲ့သို့ စိတ်ကူးရစရာ ဖြစ်ပါတယ်။
ထူးဆန်းတဲ့ သတ္တဝါတွေ၊ နောက်ဆုံး Plot Twist ကြီးကတော့ Stranger Things ကြည့်ဖူးသူတွေထဲမှာ Imposter တစ်ကောင် ပါနေရင် လဲ တွေ့ရမှာဖြစ်ပါတယ်။
တော်တော်ကောင်းလွန်းပြီး Season 2 ထပ်လာတော့မှာကြောင့် မကြည့်ရသေးရင်တော့ ကြည့်လိုက်ဖို့ Recommend ပေးပါတယ်။
Rating အနေနဲ့ 7.6/10 ထားပါတယ်။